ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှုများအကြောင်း
Sexual Fetish ဆိုတာ ပုံမှန်မဟုတ်တဲ့၊ အတိအကျပြောရမယ်ဆိုရင် သာမန်ထက် နည်းနည်းလေး ပိုထူးကဲနေတတ်တဲ့ လိင်စိတ်စွဲလမ်းမှုတစ်မျိုးပါပဲ။ သူ့ကို Fetish လို့လည်း အလွယ်ခေါ်တတ်ကြပါတယ်။ ဒီလိုလိင်စိတ်စွဲလမ်းမှုတွေဟာ အမျိုးသားတွေမှာ ပိုရှိတတ်ပြီး အမျိုးသမီးတချို့မှာလည်း ရှိနေပါတယ်။
တချို့တွေကတော့ ကိုယ်တိုင်မှာရှိနေတဲ့ လိင်စိတ်စွဲလမ်းမှုအပေါ် ရှက်ရွံ့စိတ်၊ မလုံမလဲဖြစ်စိတ်တွေကြောင့် ဖုံးကွယ်ထားတာမျိုး ရှိသလို၊ တချို့ကတော့ ကိုယ့်ရဲ့ လိင်စိတ်စွဲလမ်းမှုကြောင့် တစ်ပါးသူအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးက သမားရိုးကျအတိုင်းပဲ လိင်မှုကိစ္စအပေါ် တွေးနေတဲ့ မိတ်ဆွေတို့အတွက် ဗဟုသုတ ရစေဖို့နဲ့ အတွေးတစ်စုံတစ်ရာ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒီတော့ Fetish ဆိုတာဘာလဲ?
လိင်ပိုင်းဆိုင်ရာလို့ အတိအကျ သတ်မှတ်လို့ မရတဲ့ ရုပ်ဝတ္ထု၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအပေါ် တပ်မက်စွဲလမ်းစိတ်၊ တဏှာရာဂစိတ်တွေ ဖြစ်လာတဲ့ ခံစားချက်ပါ။ ဒီအရာတွေနဲ့ ထိတွေ့၊ မြင်တွေ့၊ ကိုင်တွယ်၊ နမ်းရှုံ့၊ တွေးတောမိလိုက်တဲ့အခါ လိင်စိတ်ဖြစ်ပေါ်လာတယ်၊ လိင်တံထောင်မတ်လာတယ်၊ လိင်စိတ်အထွဋ်အထိပ် ရောက်လာတယ်ပေါ့ဗျာ။
Fetish ဟာ ဘယ်လို အရာဝတ္ထု၊ ကိုယ်ခန္ဓာအစိတ်အပိုင်း၊ အခြေအနေမဆို ဖြစ်ပေါ်လာနိုင်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မှာရှိတဲ့ Fetish နဲ့ ကြိုက်နှစ်သက်မှုအတိုင်းအတာက ကွဲပြားသွားနိုင်ပါတယ်။ Fetish အမျိုးအစားတွေထဲမှာ လူသိများသလို လူကြိုက်များတတ်ကြတာတွေဆိုရင်
- BDSM လုပ်ခြင်း
- တစ်ပါးသူရဲ့ အတွင်းခံနဲ့ အနံ့အသက်များကို သာယာခြင်း
- ကိုယ်လိင်ဆက်ဆံတာကို တခြားသူကို မြင်စေခြင်း
- တခြားသူ လိင်ဆက်ဆံတာကို ကြည့်ရှုလိုခြင်း
- အစားအစာတွေကို လိင်အင်္ဂါ၊ ကိုယ်ခန္ဓာအပေါ် သုတ်လိမ်း၊ တင်ပြီး စားသောက်တတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားအရ လူသိနည်းတာ၊ ပတ်ဝန်းကျင်က သိပ်ပြီး လက်သင့်ခံနိုင်တာမျိုးမဟုတ်တဲ့ Fetish တွေကတော့
၁။ Cuckolding - ကိုယ့်ဆက်ဆံဖော်ကို တခြားသူစိမ်းတစ်ယောက်နဲ့ ဆက်ဆံစေခြင်း၊ ဒါမှမဟုတ် ကိုယ့်အဖော် အရင်က သူစိမ်းတွေနဲ့ ဆက်ဆံခဲ့တဲ့အကြောင်းကို ပြန်နားထောင်လိုခြင်း
၂။ Pregnancy - ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံချင်တာ၊ ဒီအကြောင်းကို တွေးပြီး လိင်စိတ်ဖြစ်ပေါ်ရင်း အာသာဖြေတာ
၃။ Wax – BDSM အမျိုးအစားထဲမှာ သူ့ကိုတော့ အသုံးအနည်းဆုံးပါပဲ။ ပူလောင်တဲ့ဖယောင်းစက်ကို ကိုယ့်ခန္ဓာပေါ် ဒါမှမဟုတ် ဆက်ဆံဖော်ရဲ့ ခန္ဓာကိုယ်အပေါ် လောင်းချရတဲ့ ခံစားချက်၊ နာကျင်မှုကို ကြိုက်နှစ်သက်ခြင်း
၄။ Somnophilia - အိပ်ပျော်နေတဲ့၊ အသိလက်လွတ်ဖြစ်နေတဲ့ လူတစ်ယောက်အနားမှာ ရှိနေရတဲ့အခါ လိင်စိတ်ထကြွခြင်း
၅။ Katoptronphilia - လိင်ဆက်ဆံနေစဉ်၊ တစ်ကိုယ်ရေအာသာဖြေနေစဉ် မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး လိင်စိတ်ကြွတာ၊ မှန်ထဲက ကိုယ့်ခန္ဓာကိုယ်ကို ငေးကြည့်ရင်း လိင်စိတ်ဖြစ်တာ၊ အာသာဖြေချင်တာ
၆။ Sensation Play - လိင်ပိုင်းဆိုင်ရာလို့ မသတ်မှတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပွတ်သပ်နှိပ်နယ်တဲ့အခါ လိင်စိတ်ကြွလာတာ
၇။ Electrostimulation - ဒါကတော့ သေးငယ်တဲ့ လျှပ်စစ် Shock တစ်ခုရလိုက်တဲ့အခါ ကျဉ်ကနဲတက်သွားပြီး လိင်စိတ်ဖြစ်ပေါ်လာတဲ့ ခံစားချက်ပါ
၈။ Scene Play - အပြာရုပ်ရှင်တွေမှာ ပါတဲ့ ဇာတ်ဝင်ခန်းကို အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ရောက်သွားသလို ပုံစံနဲ့ သရုပ်ဆောင်ပြီး လိင်ဆက်ဆံချင်တာ
၉။ Urophilia - ကျင်ငယ်ရည်နဲ့ ပန်းရတာ၊ အပန်းခံရတာ၊ အနံ့ရတာ၊ တခြားသူ ဆီးသွားနေတာကို ကြည့်ရင်း လိင်စိတ် ဖြစ်ပေါ်လာခြင်း
၁၀။ Emetophilia - ကိုယ်တိုင် အန်နေတဲ့အချိန်၊ တခြားသူ အန်နေတဲ့အသံကို ကြားလိုက်ရတဲ့ လိင်စိတ်ဖြစ်ပေါ်လာခြင်း
ဒီတော့ ဒီလိုပုံမှန်မဟုတ်တဲ့ လိင်စိတ်ဆန္ဒဆိုတာ ကိုယ့်ရဲ့ဖြစ်တည်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်တာကြောင့် ရှက်ဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အမှန်တကယ် လိင်ဆက်ဆံတဲ့အခါ ကိုယ့် Fetish အတိုင်းသွားချင်တယ်ဆိုရင်တော့ အရင်ဆုံးဖွင့်ပြောဖို့၊ ညှိုနှိုင်းဖို့နဲ့ တကယ်လက်တွေ့လုပ်နေတဲ့အခါမှာလည်း ကိုယ့်အဖော်က သဘောမကျဘူးဆိုရင် ချက်ချင်း ရပ်တန့်ဖို့ လိုပါတယ်။ သူစိမ်းတွေကို ခွင့်ပြုချက်မရှိဘဲ သွားလုပ်မယ်ဆိုရင်တော့ ဂျေးအောင်းရနိုင်တယ်ဆိုတဲ့ သတိလေး ကပ်စေချင်ပါတယ်။
ရဲမျိုးမြတ်